မိုးကုတ်မြို့နယ်၌ ကျောက်တွင်းဟောင်း ပြိုကျမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ ဇန်နဝါရီလ ၁၅ ရက်နေ့က ကျောက်တွင်းဟောင်း ပြိုကျမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိမှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နံနက် ၄ နာရီတွင် မိုးကုတ်မြို့နယ်၊ ဘောလုံးကြီးကျေးရွာအဝင်၊ “ဌေးပိုင်” ကုမ္ပဏီ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းရှိ ကျောက်တွင်းဟောင်း၌ မိုးကုတ်မြို့၊ ရန်ကင်းရပ်ကွက်နေ သိန်းဌေး(၃၈)နှစ်၊ ညောင်ပင်ကြီးရပ်ကွက်နေ ဇင်မျိုးသူ(၂၆)နှစ်နှင့် ပန်းမပတ္တမြားသျှို ရပ်ကွက်နေ သိန်းလှိုင်(၃၃)နှစ်တို့ ကျောက်ရှာဖွေနေစဉ် မျက်နှာကြက်ပေါ်မှကျောက်တုံးများ ပြိုကျခဲ့သဖြင့် သိန်းဌေးနှင့် ဇင်မျိုးသူတို့တွင် ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ပြီး သိန်းလှိုင်တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် သိန်းဌေးနှင့် ဇင်မျိုးသူတို့ နှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ကျပ်ပြင်နယ်မြေရဲစခန်း၌ သေမှုသေခင်းရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Source: myanmarmoha.org