(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေးကျင်းပ

 

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားအား စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများလည်း ဖွဲစည်းပေးထားပြီးဖြစ်ကြောင်း၊ ခရိုင်အလိုက် သစ်သီးဝလံပန်းမံပြပွဲများလည်း ထည့်သွင်းထားသလို ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချသည့် ဈေးဆိုင်ခန်းများ ထည့်သွင်းသွားမည်ဖြစ်ကြောင်းနှင့် ပြပွဲ/ပြိုင်ပွဲများအတွက်လည်း ထိုက်သင့်သည့် ဆုပေးပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 

ထိုနောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး ဖွဲစည်းပေးထားသည့် ဆပ်မကော်မတီ(၁၃)ခုမှ ဥက္ကဋ္ဌများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့မှုအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲဝင် ဝန်ကြီးများက ဖြည့်စွက် အကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

အခမ်းအနားသို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *