ဂျပန်ရှင်ပွဲတော်ကို ယခုနှစ်တွင်လည်း အွန်လိုင်း ရုပ်ရှင်ပွဲတော်အနေဖြင့် ၂ ပတ်ကြာ ကျင်းပသွားမည်

မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပနေကြဖြစ်သော ဂျပန်ရုပ်ရှင်ပွဲတော်ကို ယခုနှစ်တွင်လည်း အွန်လိုင်း ရုပ်ရှင်ပွဲတော်အနေဖြင့် ၂ ပတ်ကြာ ကျင်းပသွားမည်ဟု သိရှိရသည်။ အဆိုပါပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ဂျပန်ဖောင်ဒေးရှင်းတို ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထင်ဟပ်စေနိုင်သော ရုပ်ရှင်ကား ၂၀ အား ပြသသွားမည်ဟု သိရှိရသည်။ ပွဲတော်ကျင်းပမည့်ရက်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၇ ရက်နေ့အထိဖြစ်သည်ဟု သိရှိရသည်။ အဆိုပါဇာတ်ကားများကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံတွင်တပြိုင်တည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို Japanese Film Festival Myanmar facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *