မိမိတို့ တာဝန်ယူချိန် အဓိကမှာ ပြည်သူအားလုံး ထမင်းမငတ်ရန်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

မိမိတို့ တာဝန်ယူချိန်တွင် နိုင်ငံရဲ့ စီးပွားရေး ပြည်လည်ကောင်းမွန်လာဖို့ ပြည်တွင်းကုန်ထုတ်လုပ်မှုတွေကို မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အဓိကမှာ ပြည်သူအားလုံး ထမင်းမငတ်ရန်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အဆင့် အစည်းအဝေးအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
မိမိတို့နိုင်ငံက စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်တာကြောင့် အဆိုပါ အားသာချက်ကို အသုံးချရမှာဖြစ်ပြီး ယခုအခါ စားသောက်ကုန်တွေ အထိုက်အလျောက် ထုတ်လုပ်နိုင်ခဲ့လို့ ပြည်ပပို့ကုန်တွေကို တိုးမြှင့်တင်ပို့နိုင်ပြီလို့ ဆိုပါတယ်။
ဒေသတွင်း ဝမ်းစာဖူလုံရေးနဲ့ ပတ်သက်ပြီး အချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဝမ်းစာဖူလုံမှု မရှိတာကြောင့် ဒေသအလိုက် ဝယ်ယူစားသုံးရမှုတွေရှိတာကြောင့် ဒေသအတွင်း စပါးအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်မှ ပြည်ပမှ ဝယ်ယူစားသုံးမှုတွေ လျှော့ချနိုင်မယ်လို့ ၎င်းက ပြောပါတယ်။
ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံခြားကုန်သွယ်မှုတွင် ယခင်က နှစ်စဉ်လိုငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရှိခဲ့ပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာတော့ ကန်ဒေါ်လာ ၅၃၂.၃၆ သန်း ရှိခဲ့ကြောင်းနဲ့ ဆီသုံးစွဲမှုကိုပါ လျှော့ချနိုင်မယ်ဆိုရင် ကုန်သွယ်မှုပိုငွေများ ယခုထက် တိုးတက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *