ဒက္ခိဏသီရိမြိုနယ် NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇင်ထွန်းကို ထောင်ဒဏ် ၃ နှစ်ချမှတ်
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြိုနယ်မှ NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇင်ထွန်းအား ဇန်နဝါရီ ၂၀ ရက်တွင် ထောင်ဒဏ် ၃ နှစ်အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ဦးသန့်ဇင်ထွန်းသည် နိုင်ငံရေးဖြစ်စဥ်ပြောင်းလဲမှုကာလအတွင်း CDM ဝန်ထမ်းများအား ထောက်ပံ့ပေးခဲ့မှုဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေပုဒ်မ -၅၀၅(က) ဖြင့် ဇဗ္ဗူသီရိမြိုနယ် အထူးတရားရုံး၌ တရားဆင်ရင်နေရသူဖြစ်ပြီး ယခုအခါ စစ်ဆေးပေါ်ပေါက်မှုများအရ ပြစ်မှုထင်ရှားခဲ့သဖြင့် အထူးတရားရုံးမှ ထောင်ဒဏ် ၃ နှစ်ပြစ်ဒဏ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။