လမ်းများ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း နှိုးဆော်

မြန်မာ့ရိုးရာ သင်္ကြန်အခါတော်အတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကအလှများဖြင့် ဖျော်ဖြေခြင်းများတို့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိလည်းကောင်း၊ ဆူးလေဘုရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိလည်းကောင်း နံနက် (၇) နာရီမှ ညနေ (၆) နာရီအထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်းနှင့် ယင်းအချိန်များတွင် သတ်မှတ်ထားသော လမ်းလွှဲများမှ မော်တော်ယာဉ်မောင်းနှင်ကြပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတိပေးနှိုးဆော်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *