Fact Check ပြည်တွင်းသတင်း မှုခင်းသတင်း နေပြည်တော် တပ်ကုန်းမှာ အကြမ်းဖက်ဖောက်ခွဲရေးသမားတွေ ဖမ်းမိ April 7, 2022 admin 0 Comments နေပြည်တော် တပ်ကုန်းမှာ အကြမ်းဖက်ဖောက်ခွဲရေးသမားတွေ ဖမ်းမိတယ်ဆိုတဲ့သတင်း ဧပြီလ (၅) ရက်နေ့ နေ့လည်ပိုင်းမှာ ထွန်းထွန်းဝင်း(ခ) ပျံလွှား(ခ) ယံလေး ဆိုတဲ့သူကို ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၇၅ တောင့်၊ ဒီတိုနေတာ ၄၃၈ ခု၊ လက်လုပ်မိုင်း ၃၄ လုံး၊ ယမ်းကြိုး ၆ ခွေ၊ ယမ်းစိမ်း ၁ ထုပ်နဲ့ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိကြောင်း၊ ၎င်းဟာ တပ်ကုန်းမြို့နယ် ပင်းစုရွာမှာနေသူဖြစ်ကြောင်း၊ ထွန်းထွန်းဝင်းက ဖော်တဲ့အတွက် ၅ ရက်နေ့ညပိုင်းမှာပဲ ဗိုလ်မင်းရောင်ရပ်ကွက်မှာရှိတဲ့ ပုလဲငွေရောင် ဓာတ်မြေ ဩဇာဆိုင်ကို သွားရောက်ရှာဖွေခဲ့ရာမှာ ဆိုင်ပိုင်ရှင် ထက်လွင်(၃၆)နှစ်အား ၉ မမ ကျည် ၁၉ တောင့်၊ ယမ်းကြိုး ၄ ခွေ၊ ဒီတိုနေတာ ၃၀၀ ခုတို့နဲ့အတူ ဖမ်းဆီးရမိခဲ့သည့်အပြင် သန်းထွန်းနောင်(၄၀)နှစ်နဲ့ ချစ်စံပယ်(၄၁)နှစ်တို့အား ၉ မမ ပစ္စတိုကျည် ၃၂ တောင့်၊ လက်လုပ်မိုင်းမျိုးစုံ ၃၁ လုံး၊ ယမ်းကြိုး ၁ ခွေ၊ ယမ်းစိမ်း ၁ ထုပ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာမှာ အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အဲဒီကနေမှ ဧပြီလ ၆ ရက် နံနက်ပိုင်းမှာ ဆက်စပ်တရားခံတွေဖြစ်တဲ့ အောင်ကိုဦး(၄၅)နှစ်နှင့် အေးအေးခိုင်(၄၆)နှစ်တို့အား တပ်ကုန်းမြို့နယ်၊ ဘူတာရွာမှာ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ စေခိုင်းမှုဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများ ပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၅ ကြိမ် ကျူးလွန်ခဲ့ကြကြောင်း၊ အဲဒါတွေကတော့ – – ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် တပ်ကုန်းမြို့၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ – ဒီဇင်ဘာလ ၂၁ ရက်တွင် တပ်ကုန်း PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် တရားခံ ညိုညိုဝင်း ၏ စေခိုင်းမှုအရ တပ်ကုန်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ – ဒီဇင်ဘာလ ၂၇ ရက်တွင် တပ်ကုန်းမြို့၊ အောင်ဇေယျရပ်ကွက်ရှိ ထရန်စဖော်မာ အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ – ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာရှိ အုပ်ချုပ်ရေးမှူး၏ နေအိမ်အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့၊ – ဧပြီလ ၄ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ ညိုညိုဝင်း ၏ စေခိုင်းမှုအရ တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ညောင်လွန့်)ရှေ့၌ လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရတယ်လို့ အစိုးရသတင်းက ထုတ်ပြန်ပါတယ်။