မိုးကုတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ လယ်ကြီးပူးပေါင်းစစ်ဆေးရေးစခန်းတွင် မိုင်းလုံမှ မိုးကုတ်ဘက်သို့ ထွန်းလင်းထက် မောင်းနှင်ပြီး ကျော်ရင် လိုက်ပါလာသည့် NISSAN DIESEL ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၄,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကချင်ပြည်နယ်သို့သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့ ၂ ဦးအားဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *